Posts

Showing posts from September, 2011

သင်းကွဲငှက်

Image
သင်းကွဲငှက် ထူးအိမ်သင်ရဲ့ သင်ကွဲငှက်ကို ထပ်မံနားထောင်မိသောနေ့ တစ်နေ့ က

29

Image
အသက် ၂၉ ကိုးနှစ်တင်းတင်းပြည့်ခဲ့ပြီ အသက် ၂၅ မတိုင်ခင်ကတော့ အသက်၂၅ နှစ်မြန်မြန်ဖြစ်ချင်ခဲ့တယ် ၂၅ နှစ်ကျော်လာတော့ အသက်ထပ်မကြီးချင်တော့ဘူး အိမ်မက်တွေလဲများလာတယ် အသိတွေလဲများလာတယ် သူငယ်ချင်းတွေလဲများလာတယ် လောကမှာအဖော်ဆိုတာကိုလဲနားလည်သလိုလိုရှိလာတယ် ကိုယ့်ကိုယ်ကို နားမလည်မှုတွေလဲများသထက်များလာတယ် ဘဝဆိုတာကြီးကို ငယ်ငယ်က ခပ်ပေါ့ပေါ့ပြောခဲ့ဖူးပေမယ့်(ပျက်လုံးလိုလှောင်ပြောင်ပြောခဲ့ဖူးပေမယ့်) အခုအချိန်မှာ နည်းနည်းတော့ စကားလုံးထဲထည့်ပြောရတိုင်းလေးလံလာတယ် အခုအချိန်မှာ ချစ်သူခင်သူတွေလဲ တစ်ချို့ ရှိတစ်ချို့ ကတော့မရှိတော့ဘူး (တစ်ချို့ တွေကိုလဲအခုမချစ်တော့ဘူး၊တစ်ချို့ တွေကိုတော့ပိုချစ်လာတယ်) အသက်ကြီးလာလို့ လုပ်ချင်တာတွေများလာသလို မလုပ်ချင်တာတွေလဲများသထက်များလာတယ် တစ်စုံတစ်ခုသောအကြောင်းကြောင့်မသေသေးရင်တော့ နောက်နှစ်ဆိုရင် ဘဝမှာရှင်သန်လာတာ ဆယ်စုနှစ်သုံးနှစ်ပြည့်တော့မယ် အိမ်မက်တွေမျှော်လင့်ချက်တွေ အတ္တတွေအတွက် အသက်ဆက်ရှင်ရဦးမယ် ရှေ့ မှာဘာတွေရှိမလဲမသိပေမယ့် ရှေ့ကိုတော့ဆက်သွားရဦးမှာပဲ ....။။ Untitle