29

အသက် ၂၉ ကိုးနှစ်တင်းတင်းပြည့်ခဲ့ပြီ
အသက် ၂၅ မတိုင်ခင်ကတော့ အသက်၂၅ နှစ်မြန်မြန်ဖြစ်ချင်ခဲ့တယ်
၂၅ နှစ်ကျော်လာတော့ အသက်ထပ်မကြီးချင်တော့ဘူး
အိမ်မက်တွေလဲများလာတယ်
အသိတွေလဲများလာတယ်
သူငယ်ချင်းတွေလဲများလာတယ်
လောကမှာအဖော်ဆိုတာကိုလဲနားလည်သလိုလိုရှိလာတယ်
ကိုယ့်ကိုယ်ကို နားမလည်မှုတွေလဲများသထက်များလာတယ်

ဘဝဆိုတာကြီးကို ငယ်ငယ်က ခပ်ပေါ့ပေါ့ပြောခဲ့ဖူးပေမယ့်(ပျက်လုံးလိုလှောင်ပြောင်ပြောခဲ့ဖူးပေမယ့်)
အခုအချိန်မှာ နည်းနည်းတော့ စကားလုံးထဲထည့်ပြောရတိုင်းလေးလံလာတယ်
အခုအချိန်မှာ ချစ်သူခင်သူတွေလဲ တစ်ချို့ ရှိတစ်ချို့ ကတော့မရှိတော့ဘူး
(တစ်ချို့ တွေကိုလဲအခုမချစ်တော့ဘူး၊တစ်ချို့ တွေကိုတော့ပိုချစ်လာတယ်)
အသက်ကြီးလာလို့ လုပ်ချင်တာတွေများလာသလို မလုပ်ချင်တာတွေလဲများသထက်များလာတယ်
တစ်စုံတစ်ခုသောအကြောင်းကြောင့်မသေသေးရင်တော့ နောက်နှစ်ဆိုရင် ဘဝမှာရှင်သန်လာတာ ဆယ်စုနှစ်သုံးနှစ်ပြည့်တော့မယ်
အိမ်မက်တွေမျှော်လင့်ချက်တွေ အတ္တတွေအတွက် အသက်ဆက်ရှင်ရဦးမယ်
ရှေ့ မှာဘာတွေရှိမလဲမသိပေမယ့် ရှေ့ကိုတော့ဆက်သွားရဦးမှာပဲ ....။။

Untitle

Comments